Friday, 12 August 2016

ဥာဏ်ကောင်းချင်ရင် မက်ဆေ့ များများပို့ပါ

 ဥာဏ်ကောင်းချင်ရင် မက်ဆေ့ များများပို့ပါ

 


ပေါက်ပေါက်ရှာရှာ လေ့လာတွေ့ရှိမှု မှတခုပါပဲ။ ယင်းကတော့ ဖုန်းနဲ့ Message ရိုက် ပို့ခြင်းဟာ ဥာဏ်ကောင်းစေတယ် ဆိုတဲ့ အချက်ပဲ ဖြစ်ပါတယ်။ အဖြစ်က ဒီလိုပါ။
Test Message (SMS) ရည်ရွယ်ချက်က စာတိုတိုနဲ့. လိုရင်းရောက်အောင် ရေးလို့ ပို့ရတာ ဖြစ်ပါတယ်။ စာလုံး Character.လုံး ၁၆၀ ထပ်မပိုရဘူးလို့ ဆိုထားပေမယ့် တော်တော်များများကတော့ စာလုံး နည်းနည်းနဲ့ ရောက်အောင်ပို့ပါတယ်။

ဒါကြောင့် အင်္ဂလိပ် အတိုကောက်သုံးတာမျိုး ၊ အလွယ်ဆုံး ဝါကျဖွဲ့တာမျိုး၊ အဓိပ္ပာယ်ချက်ချင်း သိနိုင်မယ့် စာတိုတိုဖြစ်အောင် ရေးစပ်တာမျိုး အစရှိသဖြင့် ဦးနှောက်စားစေပြီး ဥာဏ်ကို အသုံးချစေပါတယ်။ အင်္ဂလိပ် သဒ္ဒါ တည်ဆောက်မှု အတတ်နိုင်ဆုံးမှန်အောင် ကြိုးစားမှုလည်းရှိသလို အချို့ ကျတော့လည်း အဆင်ပြေတဲ့ အသံထွက်နဲ့ တဖက်နားလည်အောင် ကြိုးစားရေးသားပါတယ်။ အင်္ဂလိပ်စာနဲ့ ရိုက်တာက ပိုကောင်းပြီး အင်္ဂလိပ်စာဝါကျ ဖွဲ့မှလည်း ပိုမိုတိုးတက်စေပါတယ်။ သို့ပေမယ့် အခြားဘာသာ သို့မဟုတ် ကိုယ်အဆင်ပြေတဲ့ နည်းလမ်းနဲ့ ရေးသားပေးပို့ခြင်းကလည်း ဥာဏ်သုံးရတဲ့အတွက် ဦးနှောက်ကို အလုပ် လုပ်စေပါတယ်။ ဒါကြောင့် SMS ပို့ခြင်းဟာ ဥာဏ်ကိုကောင်းစေပြီး IQ level မြင့်စေတယ်လို့ လေ့လာချက်များက ဆိုထားကြောင်းသိရပါတယ်။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...