Friday 12 August 2016

ကွန်ပြူတာ တနေကုန် အသုံးပြုသူများ လိုက်နာရန်

ကွန်ပြူတာ တနေကုန် အသုံးပြုသူများ လိုက်နာရန်





ကွန်ပြူတာတနေကုန် အသုံးပြုသူများ အနေနဲ့ ဘယ်လိုမှန်ကန်တဲ့ နည်းလမ်းနဲ့ထိုင်မယ်၊ ကြည့်ရမယ်၊ အသုံးပြုရမယ်ဆိုတာ အောက်တွင်ဖော်ပြထား ပါတယ်။
မိနစ် ၂၀ ကြာတိုင်း ပေ. ၂၀ အကွာအဝေးရှိသော အခြားတနေရာသို့ စက္ကန့် ၂၀ ကြည့်ရှုပါ။
ထိုင်ခုံ၊ မော်နီတာ၊ မီးအလင်းအမှောင် အားလုံးကို မိမိနဲ့ အဆင်ပြေဆုံးဖြစ်မယ့် အနေအထားတခုကို ချိန်ထားရပါမယ်။
ကွန်ပြူတာမျက်နှာမှ စာများ ဖတ်လို့လွယ်ကူဖို့အတွက် မျက်နှာပြင်ကို enlarge ပြုလုပ် (ချဲ့) ထားတာ အကောင်းဆုံး ဖြစ်ပါတယ်။
မိမိကွန်ပြူတာစင်နဲ့ ပတ်ပတ်လည်မှာ ဖုန်များ ရှိမနေသင့်ပါဘူး။ တနေကုန်ထိုင်ပြီး အလုပ်လုပ်ရမယ့် နေရာ ဖုန်နဲ့ အခြားအမှိုက်သရိုက်တွေပါ ရောယှက် ညစ်ပတ်နေရင် တကိုယ်ရည် ကျန်းမာရေးကို ထိခိုက်စေပါတယ်။
မျက်တောင်ခတ်ဖို့ မမေ့ပါနှင့်၊ မျက်တောင် မခတ်ပဲ ကွန်ပြူတာကို တနေကုန်စိုက်ကြည့်ခြင်းက မျက်တွင်းခမ်းခြောက်စေပြီး မျက်စိအကြော အားနည်းခြင်းနဲ့ အခြား အာရုံကြော ဆက်စပ်ရောဂါများ ဖြစ်လာနိုင်ပါတယ်။

1 comment:

Related Posts Plugin for WordPress, Blogger...