ခမည်းတော် မင်းညိုစံနှင့် မယ်တော်မဟာဒေဝီ စောညိမ်းဦးတို့မှ
သက္ကရာဇ် ၁၀၇၆-ခုနှစ်တော်သလင်းလပြည့်ကျော်(၁)ရက်
သောကြာနေ့ ညဉ့် တစ်ချက်တီးကျော် ဓနသိဒ္ဓိနက္ခတ်
မွန်းတည့်မတ်ချိန်တွင် ဖွားမြင်သည်။
၁၁၁၃-ခုနှစ် မွန်တို့လက်ချက် ဖြင့် အင်းဝပြည်ကြီး ပျက်စီးသောအခါ
ဇာတိ မုဆိုးဘိုရွာမှ နေပြီး မွန်တို့ရန်ကို တွန်းလှန်ကာ မြို့တည်၍
၁၁၁၄-ခုနှစ်တွင် မင်းပြုသည်။
ဘုန်းကြီးသောမင်းယောကျ်ားဖြစ်သည့်အပြင် ကြံရည်ဖန်ရည်လည်း
ကောင်းလှသဖြင့် အင်အားအဆမတန်များပြားသော
ရန်သူ့စစ်တပ်ကြီးများကိုပင် အံ့သြလောက်အောင် ချေဖျက်သုတ်သင်
ပစ်နိုင်ခဲ့သည်။
ဘုရင့်နောင်ကဲ့သို့ပင် အလောင်းမင်းတရားက လည်း …"..
စစ်တို့၏ သဘောမှာ အင်အားကြီးသည် ငယ်သည် ပဓာနမဟုတ်၊
သူရသတ္တိနှင့် စစ်ပရိယာယ် ကြွယ်ဝမှုသာ ပဓာနဖြစ်သည်.."
ဟူသော သဘောမျိုးကိုပင် မိန့်ကြားတော်မူခဲ့သည်။
ရန်သူအများအပြားကို သုတ်သင်ရှင်းလင်းပြီးနောက် မုဆိုးဘိုကို
"ရွှေဘို"ဟု သမုတ်ကာ ထီးနန်းစိုက် တော်မူသည်။ "….
အမယ်ကြီးနှင့် ဘကြီးတား၍ လားလားမနိုင် သောကြာသားက
စကားခိုင်၊ သံတိုင်ကျောက်ခဲ လူပျိုချင်းတွင် ပိုလို့ကဲ။
ပဲ နှင့် ပျောင်းကို ဟောင်းလျှင် ပစ်၍ အသစ်ရှာ အောင်ပါစေ သား
သောကြာသား…." ဟူသော တဘောင်ဆန်ဆန် သီချင်းကို
ပြည်သူတို့ ထပ်မနား ရွတ်ဆိုနေချိန်မှာပင်
အလောင်းမင်းတရားကလည်း အောင်ပွဲများ တစ်ခုပြီးတစ်ခု ရရှိခဲ့သည်။
ရွှေဘိုမြို့တော်ကြီးမှာ အလောင်းမင်းတရား၏ ဘုန်းရိပ် ကံရိပ်အောက်တွင် သာယာစည်ကားပြီး ဘေးရန်အန္တရာယ်လည်း လုံခြံစိတ်ချရသဖြင့် ''..ဒို့မေလေး မကြေဖျက်၊ မြောက်ဘက်ကယ်တဲ့ ဟိုတခို၊ ပြေးစို့ နှစ်ကိုယ်၊ ဆိုင်းစိုစို ရန်လုံးပြိုပါတဲ့၊ ပြည့်ရွှေဘို ထိုမြို့မှာ မိုးခိုစို့လေး.." ဟူသောသီချင်းများ ပေါ်လာသည်။
အလောင်းမင်းတရားသည် ၁၁၁၇-ခုနှစ်တွင် ဒဂုံကို အောင်မြင်ပြီးနောက် " ရန်အပေါင်းကို ကုန်စင်အောင် လုပ်ကြံတော်မူမည်"ဟု အမိန့်ရှိ၍ "ရန်ကုန်"ဟု သမုတ်တော်မူသည်။ မြန်မာနိုင်ငံတွင် ရန်သူ သူပုန်များ ကုန်စင်သလောက်ရှိသွားသောအခါ ထိုခေတ်စစ်ဘုရင်ကြီးများ၏ ထုံးစံအတိုင်း ယိုးဒယားသို့ပါ ချီတက်တိုက်ခိုက်ပြန်ရာ အောင်မြင်မှုအလီလီ ရရှိတော်မူခဲ့သည်။
၁၁၂၁-ခု၊ ၀ါဆိုလဆုတ် (၁၀)ရက် ကြာသပတေးနေ့တွင် ယိုးဒယားသို့ ချီတက်တိုက်ခိုက်ရန် အလောင်းမင်းတရားသည် ကျောက်မြောင်းဆိပ်တော်မှ အောက်ပြည်သို့ စုန်တော်မူသည်။ ၀ါခေါင်လဆန်း(၁၁)ရက်နေ့၌ နေပြည်တော် ရွှေဘိုမြို့ပေါ်သို့ မိုးကြိုး (၁၃)ချက် ကျသည်။ မိုးကြိုးကျရာ ဌာနများကား……….ဆင်ချည်တိုင်.မြင်း.လွှစင်.ကျုံးနင်းကြမ်း.နဘဲပင်.တမာပင်.လက်ခုပ်ပင်.ပေါက်ပန်းဖြူပင်. ညောင်ပင်.ကျောင်း.မင်းကျော်သီရိအိမ်.တပယင်းမြို့တံခါးနှင့် မြဝတီပြအိုးတို့ဖြစ်သည်။ အလောင်းမင်းတရား ကြားသိ၍ ပညာရှိများအား ဖတ်ကြားတင်လျှောက်စေရာ စာဆိုတော်ပညာရှိ စိန္တကျော်သူက မိုးကြိုးကျခြင်းမှာ ဣဋ္ဌမင်္ဂလာများဖြစ်ကြောင်း ရတု ၆-ပုဒ်ဖြင့် မင်းတရားကြီး သဘောတော် မျှစေရန် မမှန်မကန် လျှောက်တင် လိုက်လေသည်။
စိန္တကျော်သူ၏ လျှောက်တင်ချက်ကို အဟုတ်မှတ်၍ သဘောတော်ကျကာ (ပြုသင့်သောယတြာများ မပြုဘဲ)အောက်ပြည်သို့ ဆက်လက်စုံဆင်းပြီး ယိုးဒယားကို ချီတက်တိုက်ခိုက်ရာ မအောင်မမြင်ဖြစ်ပြီးလျှင် ၁၁၂၂-ခုနှစ် ကဆုန်လဆုတ် (၁၀)ရက် တနင်္ဂနွေနေ့တွင် မုတ္တမမြို့နယ် ကင်းရွာ၌ ရုတ်တရက်ဖျားနာ၍ နတ်ရွာစံတော်မူခဲ့ရလေသည်။
(ပထမမြန်မာနိုင်ငံတော် ပျက်စီးနေချိန်သည် နှစ်ပေါင်း ၁၈၀-ကျော်ကြာခဲ့သော်လည်း ဒုတိယမြန်မာ နိုင်ငံတော် ပျက်စီးချိန်ကမူ ၁-နှစ်သာကြာပြီး တတိယမြန်မာနိုင်ငံတော်ခေတ်သို့ ကူးပြောင်းရောက်ရှိခဲ့လေသည်။
#အလောင်းမင်းတရားကြီး ၏ စိတ်ဓာတ်
ငါ၏ ရင်နှစ်သည်းချာ ချစ်လှစွာသော သားတော်ပင်ဖြစ်လင့်ကစား
တိုင်းသူပြည်သားအကျိုး နိုင်ငံတော်အကျိုး သာသနာအကျိုးမဆောင်ရွက်လျှင် ငါ၏ အမျိုးနွယ်မဟုတ်၊၊
ငါ၏ ရင်နှစ်သည်းချာ သားသမီးလည်းမဟုတ်၊၊
မြန်မာနိုင်ငံ၌ပင် မွေးဖွားနေထိုင် ကြီးပြင်းလင့်ကစား
ပြည်သူပြည်သားတို့၏ အကျိုးနှင့် မြန်မာနိုင်ငံ၏ အကျိုးအားမဆောင်ရွက်လျှင် မြန်မာနိုင်ငံသားမဟုတ်ပါ၊၊
အလောင်းမင်းတရားကြီး ဦးအောင်ဇေယျ၏ အမူအရာ အကျဉ်းချုပ်မှာ အောက်ပါအတုုိင်းဖြစ်ပါသည်။
၁။ စကားနည်း၍ ပြောသောအခါ ပီပြင်လေးနက်ပြီးလ ျှင်မှတ်သားဖွယ်ဖြစ်သည်။
၂။ခန့်ငြားသောဣန္ဒြေရှိ၍၊မျက်နှာထားမဆိုုးသော်လည်း ဟက်ဟက်ပက်ပက် ရယ်ရွှင်ခြင်းမရှိ။
၃။အလုုပ်တစ်ခုုကိုု မလုုပ်မီစဉ်းစား၍၊ လုုပ်သောအခါ မအောင်မြင်သော အလုုပ်မရှိခဲ့လေ။
၄။မောဟနည်း၍ အအိပ်အနေ နည်းပြီးလ ျှင် အိပ်တော့မည်ဆိုုသည်နှင့် တစ်ပြိုင်နက် အိပ်ပျော်၍ မှန်းထားသည်ထက် ပုုိပြီးလ ျှင် အိပ်ပျော်လေ့မရှိတတ်။
၅။ကြောက်ရွံ့တုုန်လှုပ်ခြင်း၊ ဝမ်းနည်းခြင်း၊ ညည်းညူခြင်းမရှိ၊ ဝေဒနာအကြီးအကျယ်ကပ်ရောက်လာသောအခါ ထွက်သက်ဝင်သက်ကိုု သုုံးသပ်လျက် ငြိမ်းချမ်းစေပြီးလ ျှင် ဘဝကူးတော်မူလေ၏။
၆။ အသုုံးအစွဲ အလွန်ကျစ်လစ်၏။ တစ်နေ့သ၌ မိဖုုရားခေါင်ကြီးသည် ပိုုးထဘီနှင့် နိုင်ငံခြားအထည်ကိုု ဆင်၍ အဆောင်တော်တွင် ရံရွေတော်များနှင့် နေသည်ကိုု တွေ့လေရာ၊ “သြော်…ရှင်မိဖုုရားအတုုကိုု ပြည်သူပြည်သားများ တုုလေလ ျှင် ငါ့တိုုင်းပြည်သည် မကြာမီ မွဲတော့မှာပဲ” ဟုု မိန့်တော်မူဖူး၏။
၇။ အပျော်အပါးနည်း၍ အလုုပ်နှင့် မွေ့လျော်ခြင်းကိုု အလွန်နှစ်သက်၏ တစ်နေ့သ၌ မိဖုုရားခေါင်းကြီးသည် အဆောင်တော်တွင် ငြိမ်းချမ်းသက်သာ ပျော်ရွှင်စွာ အဆိုုတော်များနှင့် ရယ်မော် ပြောဆိုုနေသည်ကိုု တွေ့လေရာ “သြော်…ရှင်မင်းပုုံလည်း မိဖုုရားခေါင်ကြီးဖြစ်လိုု့၊ ဗိုုင်းဝါတိုု့ကိုုမေ့ပြီး အဆိုုအကနှင့် အညီးပြေရှာရပေပေါ့၊ ဗိုုင်းဝါကိုုမုုန်းတဲ့ မိန်းမဟာ လင်ကိုု မုုန်းခြင်းအစစ်ပဲ ရှင်မင်းပုုံရေ့၊ သည်အတုုတွေကိုုများ မှူးမတ်ကတော်တိုု့နှင့် ဆင်းရဲသူတွေ တုုကြယင် ငါ့တိုုင်းပြည်ဟာ နိုုင်ငံခြားကိုု အလွန်ဆက်သရတော့မှာပေပဲ၊ အလုုပ်မရှိတော့ လူတွေဟာ ပျင်းလာတတ်တယ်၊ ပျင်းလာတဲ့အခါ အကျိုးမရှိဘဲ အညောင်းကိုုသာ ဖြစ်စေတတ်တဲ့ ကြွေအံပုုဆစ်တိုု့ကိုု လေ့လကစားတတ်ခြင်းဝ အပျော်အပါးလိုုက်စားတတ်ခြင်းတိုု့ ပြုလာကြလိုု့ လူများဟာ ပေါ့ပျက်လာတတ်ကြတယ်။
အဲသည်လိုု လူပေါ့လူပျက်များ များလာလ ျှင် တိုုင်းပြည်နိမ့်ကျတတ်ပါတယ်။ ဒါကြောင့် လူများဟာ အလုုပ်နျင့် လက်မပြတ်ရှိသင့်ပါတယ်” ဟုု မိန့်တော်မူဖူးလေ၏။
၈။မျက်နှာတံစိုုးလုုိက်လေ့မရှိ။ တစ်နေ့သ၌ မိဖုုရားခေါင်ကြီးက သူ့မောင်မှာ ဘာမ ျှ အရာအထူးမရှိပါဟုု ပူဆာလေရာ အလောင်းမင်းတရားကြီးလည်း ကောင်းပြီဆိုု၍ မယ်မင်းမောင်ကိုု ခေါ်ပါဆိုုပြီးလ ျှင် နန်းတော်အောက်၌ ခွေးမွေးနေသည်၊ ခွေးဘယ်နှစ်ကောင်မွေးသလဲ ကြည့်ခေဆိုု၍ မိဖုုရား၏မောင်လည် သွားရောက်ကြည့်ပြီးလ ျှင်
ခွေး ငါးကောင်မွေးကြော်းကိုု လေ ျှာက်ထား၍၊ အထီးဘယ်နှစ်ကောင် အမဘယ်နှစ်ကောင်လဲ မေးပြန်ရာ တစ်ဖန်သွားရောက်ကြည့်ပြန်၍ အထီးနှစ်ကောင်၊ အမသုုံးကောင်းပါဟုု လေ ျှာက်တင်ကာ၊ ကြံဘယ်နှစ်ကောင် စုုံသလဲ မေးပြန်သဖြင့်
တစ်ဖန်သွားရောက် ကြည့်ဦးမည်ပြုသောအခါ နေပါစေတော့ဟုု ဆိုုလျက်၊ ရွှေတိုုက်စိုုးကိုု ခေါ်တော်မူပြီးလ ျှင် နန်းတော်အောက်မှာ ခွေးမွေးနေတယ် သွားကြည့်ချေပါဟုု ခိုုင်းလိုုက်ပြန်ရာ ရွှေတိုုက်စိုုးလည်း ပုုရပိုုက်နှင့်သွားရောက မှတ်သားပြီးသော် အထီးမည်မ ျှ၊ အမမည်မ ျှ၊ မည်မ ျှကြံစုုံသည်၊ မည်မ ျှကြံမစုုံ၊ အမွေးမည်သိုု့ စသည်ဖြင့် တင်လေ ျှာက်လေ၏။
ထိုုအခါမှ ရှင်မရဲ့မောင်က ခွေးငါးကောင်ကိုု ငါးခါသွားကြည့်နေမည့်သူဖြစ်သောကြောင့် သူနှင့်တန်ရာ နန်းတော်ထက်တွင် အေးအေးချမ်းချမ်းပဲ စားသောက်နေထိုုင်ပါစေတော့ဟုု အမိန့်တော်ရှိလေ၏။
ထိုု့ပြင် အလောင်းမင်းတရားကြီး၏ နောက်ဆုုံးမှာတမ်းတွင်….“ စကားသာများနေ၍ ငါကဲ့သိုု့ အလုုပ်မလုုပ်လ ျှင် ငါသားတော်များပင် ဖြစ်သော်လည်း ငါ့အဆက်အနွယ်မဟုုတ်။” “တန်ခိုုးကြီးသော တိုုင်းပြည် အမျိုးသားဖြစ်နိုုင်ရန် နိုုင်ငံခြားသိုု့ ဆက်သွယ်ကူးလူးလမ်းပေါက်၍ တိုုင်းပြည်ထွက် ကုုန်စည်တိုု့ကိုု တန်ဖိုုးမြှင့်စေပြီးလ ျှင် အမျိုးသားမျး ကြွယ်ဝကုုံလုုံလျက် သူဌေးသကြွယ်တိုု့ ပေါများစေရမည်” ဟုု မိန့်တော်မူခဲ့လေသည်။
ဤသည်တိုု့ကိုု လေ့လာကြည်ခြင်းအားဖြင့် ထုုိခေတ်ထုုိအချိန်အခါက အလောင်းမင်းတရားကြီးသည် မင်းကောင်းမင်းမြတ်တပါး၊ တိုုင်းပြည်ကိုု အေးချမ်းသာယာ ကုုံလုုံကြွယ်ဝအောင် အမြဲကြံဆောင်နေသော မင်းတပါးဖြစ်သည်မှာ မလွဲဧကန်ပင်ဖြစ်သည်။
အလောင်းမင်းတရားကြီး ဦးအောင်ဇေယျ- (စစ်ကိုုင်း ဦးဘိုုးသင်း) စာအုုပ်မှ ကောက်နုုတ်ဖော်ပြပါသည်။
Original post ; Tin Maung Hlaing
No comments:
Post a Comment