ငွေဒင်္ဂါးကို မြန်မာပြည်မှာ ဘယ်တုန်းက စသုံးစွဲခဲ့ကြသလဲ?
ပစ္စည်းတစ်ခုနှင့်တစ်ခု ရောင်းဝယ်ဖလှယ်ကြရာ၌ ယခုခေတ်၌ ငွေစက္ကူကို အသုံးပြုကြပါသည်။ ရှေးကမူ စက္ကူမပေါ်သေး၍ ငွေစက္ကူအစား ငွေဒင်္ဂါးများဖြင့် ရောင်းဝယ်ရေးကိစ္စ၌ ဖလှယ်ရေးပစ္စည်းအဖြစ် အသုံးပြုခဲ့ကြသည်။
အမရပူရနန်းတည် ဘိုးတော်ဘုရားလက်ထက်တွင် အင်္ဂလန်မှ ဒင်္ဂါးသွန်းစက်ကြီးကို မှာယူ၍ မြန်မာ သက္ကရာဇ် ၁၁၄၆ ခုနှစ်၊ နယုန်လပြည့်ကျော် (၁)ရက်နေ့တွင် ပြည်တွင်းသုံးဒင်္ဂါးအဖြစ် ထုတ်ပြန် ကြေညာ သုံးစွဲခဲ့ကြသည်။ ငွေဒင်္ဂါး၏ ပုံသဏ္ဍာန်မှာ တစ်ဖက်တွင် ဘိုးတော်ဘုရား၏ နံသင့် ကျား တံဆိပ်၊ အခြား တစ်ဖက်တွင် ၁၁၄၆-ခု၊ အမရပူရ ဆင်ဖြူများရှင်နိုင်ငံဟု ရေးသားထားသည်။ ထို့အပြင် ငွေဒင်္ဂါးသာ ထုတ်ခဲ့သည် မဟုတ်သေး။ ကြေးဒင်္ဂါးများကိုပါ ထုတ်လုပ်ခဲ့ပါသေးသည်။ ကြေးဒင်္ဂါး၏ ပုံသဏ္ဍာန်မှာ တစ်ဖက်တွင် ဘိုးတော်ဘုရား၏ နေ့သင့်နံသင့် ငါးရုပ်ဖိုမတံဆိပ်၊ အခြားတစ်ဖက်တွင် ဘိုးတော်ဘုရား နန်းတက်သော ၁၁၄၃ ခု၊ တပို့တွဲလပြည့်ကျော် (၁၄)ရက်ဟု ရေးသားထားသည်။ သို့ရာတွင် မည်သည့် အကြောင်းကြောင့်လောမသိ။ ကြေးဒင်္ဂါးများကို ၁၁၇၄ ခုနှစ်တွင် ပြန်လည်ရုပ်သိမ်းခဲ့ပါသည်။
ရွှေဘိုမင်းလက်ထက်သို့ ရောက်သောအခါ ၎င်းရွှေဘိုမင်း လက်ထက်၌လည်း ဒင်္ဂါးများ သွန်းလုပ်ခဲ့ ဖူးပါသည်။ ဒင်္ဂါး၏ တဖက်တွင် ယုန်ရုပ်ကိုလည်းကောင်း၊ အခြားတစ်ဖက်တွင် ပဒုမ္မာကြာပန်းပုံကိုလည်းကောင်း ထည့်သွင်း သွန်းလုပ်ခဲ့သည်။ ပုဂံမင်းလက်ထက်သို့ ရောက်လေသော အခါတွင်လည်း ဒင်္ဂါးများကို သွန်းလုပ် ပြန်ပါသေးသည်။ ဒင်္ဂါး၏ တစ်ဖက်၌ ရွှေပြည်စိုး၊ အခြားတစ်ဖက်၌ သာသနာတော်သက္ကရာဇ် ၂၃၉၀ ဟု ရေးထား ပါသည်။
မင်းတုန်းမင်းလက်ထက်သို့ ရောက်သောအခါ ဒင်္ဂါးစက်ကြီးအား ၁၂၂၇ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် (၉)ရက်နေ့တွင် စတင်ဖွင့်လှစ်ခဲ့ပါသည်။ ထိုနောက် ငွေဒင်္ဂါးများကို သွန်းလုပ်ရာ တစ်ဖက်တွင် ကဒေါင်းရုပ်ပုံကိုလည်းကောင်း၊ အခြားတစ်ဖက်တွင် ရတနာပုံနေပြည်တော် ၁ိသုံးဒင်္ဂါး၊ ၁၂၁၄ ခု ဟု ရေးထိုးထားပါသည်။ ခြင်္သေ့တံဆိပ် ငွေဒင်္ဂါးမူးပြားတို
ကိုကား ၁၃၁၄ ခုနှစ်ရောက်မှ သုံးစွဲခဲ့ကြောင်း လေ့လာ တင်ပြလိုက်ရပါသည်။
Credit , သိမှတ်ဖွယ်ရာ မြန်မာ့လှိူ့ဝှက်ချက် ၁၀၀

No comments:
Post a Comment