Wednesday, 24 August 2016

အင္အားျပင္းထန္ေသာ ငလ်င္ႀကီးမ်ား လႈပ္ခတ္ၿပီးေနာက္ ေနာက္ဆက္တြဲငလ်င္ငယ္မ်ား ထပ္မံလႈပ္ခတ္ႏိုင္သည့္အတြက္ ျပည္သူမ်ားအေနျဖင့္သတိျပဳေနထိုင္ၾကရန္ အသိေပးႏႈိးေဆာ္ျခင္း။

အင္အားျပင္းထန္ေသာ ငလ်င္ႀကီးမ်ား လႈပ္ခတ္ၿပီးေနာက္ ေနာက္ဆက္တြဲငလ်င္ငယ္မ်ား ထပ္မံလႈပ္ခတ္ႏိုင္သည့္အတြက္ ျပည္သူမ်ားအေနျဖင့္သတိျပဳေနထိုင္ၾကရန္ အသိေပးႏႈိးေဆာ္ျခင္း။








၂၀၁၆ ခုနွစ္၊ ၾသဂုတ္လ (၂၄) ရက္ေန႔ ျမန္မာစံေတာ္ခ်ိန္ (၁၇)နာရီ (၀၄)မိနစ္ (၅၅) စကၠန္႔အခ်ိန္တြင္ မနၱေလး ေျမငလ်င္ စခန္းမွ အေနာက္ေတာင္ဘက္ (၁၂၃)မိုင္ခန္႔ကြာေ၀းေသာ ျမန္မာနိုင္ငံျပည္တြင္း (ေခ်ာက္ျမိ့ဳ၏ အေနာက္ဘက္ (၁၂)မိုင္ခန္႔အကြာ)ကို ဗဟိုျပဳ၍ အင္အားရစ္(ခ္)တာစေကး (၆.၈)အဆင့္ရိွ အင္အားျပင္းထန္ေသာ ေျမငလ်င္ တစ္ခုလႈပ္ရွားသြားေၾကာင္း မိုးေလ၀သႏွင့္ ဇလေဗဒညႊန္ၾကားမႈဦးစီးဌာနမွ ထုတ္ျပန္ခဲ့ပါသည္။


သို႔ျဖစ္ပါ၍ အင္အားျပင္းထန္ေသာ ငလ်င္ႀကီးမ်ား လႈပ္ခတ္ၿပီးေနာက္ ေနာက္ဆက္တြဲငလ်င္ငယ္မ်ား ထပ္မံလႈပ္ခတ္ႏိုင္သည့္အတြက္ ငလ်င္ဗဟိုျပဳ၍ လႈပ္ခတ္ခဲ့သည့္ေဒသတစ္၀ိုက္ႏွင့္ ငလ်င္လႈပ္ျခင္းကို ခံစားခဲ့ရသည့္ ေဒသမ်ားမွ ျပည္သူမ်ားအေနျဖင့္ သတိျပဳေနထိုင္ၾကရန္ႏွင့္ လူမႈ၀န္ထမ္း၊ ကယ္ဆယ္ေရးႏွင့္ ျပန္လည္ေနရာခ်ထားေရး၀န္ႀကီးဌာန၊ ကယ္ဆယ္ေရးႏွင့္ ျပန္လည္ေနရာခ်ထားေရးဦးစီးဌာနမွ ထုတ္ေ၀ထားသည့္ ငလ်င္ေဘးအႏၱရာယ္ဆိုင္ရာ ေဆာင္ရန္/ေရွာင္ရန္မ်ားကို သိရွိေဆာင္ရြက္ႏိုင္ေစရန္ ေအာက္ပါလက္ကမ္းစာေစာင္မ်ားတြင္ ဖတ္႐ႈေလ့လာႏိုင္ပါသည္-

@@@@@@@@@@@@@@@@@@@@@@@@@@
<<Unicode Version>>

အင်အားပြင်းထန်သော ငလျင်ကြီးများ လှုပ်ခတ်ပြီးနောက် နောက်ဆက်တွဲငလျင်ငယ်များ ထပ်မံလှုပ်ခတ်နိုင်သည့်အတွက် ပြည်သူများအနေဖြင့်သတိပြုနေထိုင်ကြရန် အသိပေးနှိုးဆော်ခြင်း
=====================================================
၂၀၁၆ ခုနှစ်၊ သြဂုတ်လ (၂၄) ရက်နေ့ မြန်မာစံတော်ချိန် (၁၇)နာရီ (၀၄)မိနစ် (၅၅) စက္ကန့်အချိန်တွင် မန္တလေး မြေငလျင် စခန်းမှ အနောက်တောင်ဘက် (၁၂၃)မိုင်ခန့် ကွာဝေးသော မြန်မာနိုင်ငံပြည်တွင်း (ချောက်မြိ့ု၏ အနောက်ဘက် (၁၂)မိုင်ခန့်အကွာ)ကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး (၆.၈)အဆင့်ရှိ အင်အားပြင်းထန်သောမြေငလျင် တစ်ခုလှုပ်ရှားသွားကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ထုတ်ပြန်ခဲ့ပါသည်။

သို့ဖြစ်ပါ၍ အင်အားပြင်းထန်သော ငလျင်ကြီးများ လှုပ်ခတ်ပြီးနောက် နောက်ဆက်တွဲငလျင်ငယ်များ ထပ်မံလှုပ်ခတ်နိုင်သည့်အတွက် ငလျင်ဗဟိုပြု၍ လှုပ်ခတ်ခဲ့သည့်ဒေသတစ်ဝိုက်နှင့် ငလျင်လှုပ်ခြင်းကို ခံစားခဲ့ရသည့် ဒေသများမှ ပြည်သူများအနေဖြင့် သတိပြုနေထိုင်ကြရန်နှင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာနမှ ထုတ်ဝေထားသည့် ငလျင်ဘေးအန္တရာယ်ဆိုင်ရာ ဆောင်ရန်/ရှောင်ရန်များကို သိရှိဆောင်ရွက်နိုင်စေရန် အောက်ပါလက်ကမ်းစာစောင်များတွင် ဖတ်ရှုလေ့လာနိုင်ပါသည်-

Original post ; Relife and Resettelemt Department - Myanmar

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...